#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မဂ္ဂင်ကျောင်းကို ထပ်ဝင်ပြန်ပြီ
ဧရာဝတီ | အောက်တိုဘာ ၉၊ ၂၀၀၇

စစ်အစိုးရ စစ်သားများက သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင် ဘုန်းကြီးကျောင်းကို တနင်္လာနေ့ညက စတုတ္ထအကြိမ် ၀င်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ည ၉ နာရီခန့် မှ ည သန်းခေါင်ချိန်ခန့်အထိ ၀င်ရောက် စီးနင်းရှာဖွေရာတွင် စစ်သားများက ကွန်ပျူတာ တလုံးနှင့် ငွေသား တချို့ကို ယူဆောင်သွားသည်ဟု ၎င်း ကျောင်းတွင် တည်းခိုခဲ့သည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တဦးက ပြော သည်။

လွန်ခဲ့သော စက်တင်ဘာ ၂၆ ရက်က ယင်းမဂ္ဂင်ကျောင်းမှ ဖမ်းဆီးသွားသော သံဃာတော် ၂ ပါးနှင့် လူ ၂ ဦးကို အာဏာပိုင်များက တနင်္လာနေ့တွင် တခြားသူ ၄ ဦးနှင့်အတူပြန်လွှတ်ပေးခဲ့သည်။

ပြန်လွတ်လာသည့် သံဃာများမှာ မဂ္ဂင်ကျောင်း ဆရာတော် ဦးဟိန္ဒက၏ ဖခင် ဦးကေတုနှင့် ဦးနန္ဒိယတို့ဖြစ်ပြီး ကျန်လူ ၂ ဦးမှာ ကိုအောင်ဇော်ဝင်းနှင့် အမည်မဖော်လိုသူ တဦးတို့ဖြစ်သည်။ ၎င်းတို့သည် အင်းစိန်မြို့နယ်ရှိ စက်မှု လက်မှု သိပ္ပံကျောင်းဟောင်းတွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု သိရသည်။

စောစောပိုင်းတွင် စစ်သားများက ဖမ်းဆီးထားသော ဦးဟိန္ဒကနှင့် သံဃာတော်တပါး အပါအ၀င် ကိုသန်းထိုက်အောင်နှင့် ကိုအောင်သန်းတို့ကို မည်သည့် နေရာတွင်ဖမ်းဆီးထားကြောင်းကိုမူ မသိရှိရပေ။

စစ်သားများက မဂ္ဂင် ဘုန်းကြီးကျောင်းမှ ကျပ် ငွေ ၃၆၀၀၀၀ ကို သိမ်းယူသွားကြောင်း၊ ယခုအချိန်အထိ ၎င်းတို့အတွက် လိုအပ်သော အထောက်အထားများကို ရှာဖွေကြကြောင်း အထက်ပါ ဝေဒနာရှင်က ပြောသည်။

မဂ္ဂင်ကျောင်းတွင် စောင့်ရှောက်ထားသော အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ယခုမစီးနင်းခင်ကပင် စစ်သားများက မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီ ကူးစက်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။

လတ်တလောတွင် မဂ္ဂင်ကျောင်းကို ပြန်လည်ဖွင့်ခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်း လွတ်မြောက်လာသည့် သံဃာတော် တပါးကပြောဆိုသည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.