#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

မစုစုနွေး အဖမ်းခံရ
ကိုသက် | နိုဝင်ဘာ ၁၃၊ ၂၀၀၇

ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့လယ်တနေရာတွင် အန်အယ်လ်ဒီ လူငယ်ခေါင်းဆောင် မစုစုနွေးနှင့် လူငယ် ၂ ဦး အဖမ်းခံရ ကြောင်း စုံစမ်းသိရှိရသည်။

မစုစုနွေးသည် ရန်ကုန်မြို့လယ်ရှိ အာဏာပိုင်တို့စိုက်ထူထားသည့် အမေရိကန် ဆန့်ကျင်ရေးဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်စာကပ်ရန်သွားစဉ် အဖမ်းခံရ ခြင်းဖြစ်သည်ဟု မစုစုနွေးနှင့် နီးစပ်သူတဦးက ဧရာဝတီကိုပြောသည်။

မစုစုနွေးသည် သြဂုတ်လအတွင်း ရန်ကုန်တွင်ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်း နေရသူ ဖြစ်သည်။

လွန်ခဲ့သည့်လကုန်ပိုင်းမှစ၍ မစုစုနွေးသည် ရန်ကုန်မြို့အတွင်းရှိ စစ်အစိုးရ၏ အကြမ်းဖက်မှုကြောင့် သွေးမြေကျခဲ့သည့် နေရာများတွင် လွမ်းသူ့ပန်ခြင်း ချခြင်းနှင့် နိုင်ငံရေးအန်တုသည့် လှုပ်ရှားမှုများကို ဆက်တိုက်လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ [Top]
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.