#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

ဗိုလ်ချုပ်မှူးကြီးကို အတွင်းခံဘောင်းဘီနဲ့ ပစ်ကစားလို့ ရပြီ
ကိုသက် | နိုဝင်ဘာ ၂၊ ၂၀၀၇

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား အမျိုးသမီး အတွင်းခံဘောင်းဘီဖြင့်ပစ်ကစားသည့် အင်တာနက် ဂိမ်းတမျိုးကို အမေရိကန် နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Mochi Media ကုမ္ပဏီက စတင်ထုတ်လုပ်လိုက်သည်။

“Panties for Peace” ဟု အမည်ရသည့် အဆိုပါဂိမ်းသည် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သည့် ပထမဆုံး ဂိမ်းဖြစ်ပြီး ရွေ့လျားခုန်ပေါက်နေသည့် ဗိုလ်ချုပ်မှူးကြီးအား အတွင်းခံဘောင်းဘီဖြင့် ပစ်ရသည်။ ဗိုလ်ချုပ်မှူးကြီးအား အတွင်းခံ ဘောင်းဘီ ထိမှန်ပါလျှင် ခန္ဓာကိုယ်တစဆီ ပဲ့ထွက်သွားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်အခြေစိုက်သည့် Lanna Action for Burma အဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့တွင် အမျိုးသမီး အတွင်းခံဘောင်းဘီများကို မြန်မာသံရုံးသို့ပို့သည့် လှုပ်ရှားမှုအား စတင်လုပ်ဆောင်ခဲ့ကြပြီး စင်ကာပူ၊ သြစတေးလျနှင့် ဥရောပနိုင်ငံများရှိ မြန်မာ့နိုင်ငံရေးလှုပ်ရှားသူ အမျိုးသမီးများလည်း လိုက်ပါလှုပ်ရှားကြသည်။

လော့စ်အင်ဂျလီစ်မြို့တွင်နေထိုင်သည့် ကိုအောင်မိုးဝင်းက “မြန်မာပြည်နဲ့ပတ်သက်တဲ့ ဒီလိုဂိမ်းမျိုး တခါမှ မတွေ့ဖူး သေးဘူး။ တော်တော်ထိရောက်တဲ့ message လို့ ပြောရမယ်။ ဆော့ရတာလည်း လွယ်ပါတယ်။ အများစုကတော့ သဘောကျမယ်ထင်တာပဲ” ဟု ဧရာဝတီကို ပြောသည်။

နည်းပညာတိုးတက်ခြင်း၏ အကျိုးကျေးဇူးဖြစ်ပြီး ထိရောက်သည့် လှုပ်ရှားမှုတခုဖြစ်သည်ဟုလည်း ကိုအောင်မိုးဝင်းက ပြောသည်။ ၎င်းဂိမ်းကိုမသိသေးသည့် မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း ဖြန့်ဝေပေးသည်ဟု ဆက်ပြောသည်။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.