ကလေးစစ်သား စုဆောင်းသူ ၄၄ ဦး အရေးယူခံရ

E-mail Print
အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် စုဆောင်း အသုံးချခဲ့မှုဖြင့် အရာရှိများ အပါအ၀င် တပ်မတော်သား ၄၄ ဦးကို အရေးယူ ထားကြောင်း စစ်အရာရှိ တဦးကို ကိုးကားပြီး ယနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်း အရေးယူခဲ့ခြင်း ဖြစ်ကြောင်း  မြန်မာနိုင်ငံ ကလေး သူငယ် အခွင့် အရေးများ ဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ  ဗိုလ်မှူးချုပ်ကျော်မြင့်က ပြောသည်ဟု ဆိုသည်။ မည်သို့ အရေးယူသည်ကို ဖော်ပြထားခြင်း မရှိပေ။

အာဏာပိုင်တို့က မြန်မာ့တပ်မတော်ရှိ အသက်မပြည့်သေးသူ အများအပြားကိုလည်း မိသားစုထံ ပြန်လည် အပ်နှံလိုက်သည်ဟု ဆိုသည်။

“၂၀၀၈ ခုနှစ်အတွင်း အသက် ငယ်ရွယ်သူ ၈၃ ဦးကို မိဘရပ်ထံ ပြန်လည် လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်မြင့်က  ပြောကြောင်း  Weekly Eleven တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ဥပဒေအရ တပ်မတော်တွင် တာဝန် ထမ်းဆောင်မည့် သူသည် အနည်းဆုံး အသက် ၁၈ နှစ် ရှိရမည် ဖြစ်သည်။

ပြီးခဲ့သည့် လအတွင်း  ကလေးစစ်သားအဖြစ် စုဆောင်းခံရသည်ဟု ဆိုသော ပဲခူးမြို့မှ ဒသမတန်း ကျောင်းသား မောင်ဝေဦးချိုနှင့် ပတ်သက်ပြီး ပြည်ပသတင်းဌာနများ၏ ဖော်ပြချက်များမှာ မှားယွင်းနေသည်ဟု အာဏာပိုင်တို့က ပြောကြောင်း ရန်ကုန်မြို့ထုတ် ဂျာနယ်တချို့က ရေးသားနေကြသည်။

အာဏာပိုင်တို့၏ ဖြေရှင်းချက်မှာ ရှေ့နောက် ညီညွတ်ခြင်း မရှိဟု ရန်ကုန်မှ ဂျာနယ် အယ်ဒီတာချုပ်တဦးက ပြောသည်။

“၂၀၀၄ခုနှစ်ထဲက အရေးယူမှုတွေရှိတယ်ဆိုတော့ ဒီနှစ်တွေ မတိုင်ခင် ကတည်းက ကလေးစစ်သားတွေ ဘယ်လောက်တောင် ရှိနေမလဲ စဉ်းစားစရာပဲ”  ဟု သူက သုံးသပ်သည်။

တပ်မတော်တွင် စစ်သားအဖြစ် နည်းမျိုးစုံ သိမ်းသွင်းခံ ထားရသော ကလေး အများအပြား ရှိနေကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် အခြေစိုက် စစ်သက် ၄ နှစ် ရှိပြီဖြစ်သည့် စစ်သားငယ် တဦးက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ တပ်ထဲမှာ အသက် မပြည့်တာ အများကြီးပဲ၊ ကျနော့်ကိုပဲ ကြည့်ပါ၊ အသက် ၁၆ ကတည်းက စစ်ထဲ ရောက်နေတာ” ဟု ၎င်းက ဆိုသည်။
 
ads-rfa
ads_cartoon01
  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

နေပြည်တော် မုန်တိုင်း အတိုက်ခံရခြင်း

“ကျုပ်တို့တော့ နောက်ထပ် ဆိုင်ကလုန်း အတိုက်ခံလိုက်ရပြီ” ဆိုတဲ့ စကားက နေပြည်တော်မှာရှိတဲ့ လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ စကားဖြစ်ပါတယ်။ မကြာသေးခင်က အစိုးရတာဝန်ရှိသူတွေ

အပြည့်အစုံသို့

အမေရိကန်အစိုးရ ဆုံးဖြတ်ချက် မှန်ကန်

မြန်မာ စစ်အစိုးရ အနေနှင့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ကျူးလွန်ခြင်း ရှိမရှိ စစ်ဆေး နိုင်ရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကို ထောက်ခံ ပံ့ပိုးရန်နှင့် ယင်းကိစ္စနှင့် ပတ်သက်၍

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

သြဂုတ် ၃၁၊ ၂၀၁၀
us ဒေါ်လာ = ၉၇၅ ကျပ်
th ဘတ် = ၃၀.၈၀ ကျပ်