ရှမ်းသက္ကရာဇ် ၂၁၀၃ ခုနှစ် သို့ ကူးပြောင်းသော နှစ်အတွက် ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားများ စုပေါင်း၍ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်များတွင် ချင်းမိုင်မြို့ရှိ ၀ပ်ကူတောက်
ဘုန်းတော်ကြီးကျောင်း၌ ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ကျင်းပသည်။
ယင်းနှစ်သစ်ကူးပွဲတွင် ရိုးရာ ယဉ်ကျေးမှု အကများ၊ စာအုပ် စာပေများ၊ အစား အသောက်များ ပါဝင် ပြသရောင်းချကြပြီး မီးရှုးမီးပန်းများ ပစ်လွှတ်ကြခြင်းများဖြင့် ပျော်ရွှင်စွာ ကျင်းပခဲ့ကြသည်။