ဇွန်လ ၂၁၊ ၂၀၀၆
ထိုင်းအစိုးရက မြန်မာထံမှ လျှပ်စစ်ဝယ်မည်
ထိုင်းလျှပ်စစ်ဝန်ကြီးဌာနက မြန်မာနိုင်ငံ ဟတ်ကြီးရေလှောင်တမံမှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ် ၆၀၀ မီဂါဝပ်ကို ၀ယ်ယူရေးအတွက် ကြိုတင်ညှိနှိုင်းသဘောတူစာချုပ်တရပ်ကို ဇွန်လကုန်ပိုင်းတွင် ရေးထိုးမည်ဖြစ်ကြောင်း၊ ၎င်းလျှပ်စစ် ဓာတ်ကို ၂၀၁၄ ခုနှစ်တွင် ရရှိရန် မျှော်လင့်ထားကြောင်း ထိုင်းအရာရှိတဦးက ဇွန်လ ၂၁ရက်နေ့တွင် ပြောကြားသည် ။ (The Nation)
ကနေဒါက မြန်မာဒုက္ခသည် ၈၀၅ ယောက်ကို လက်ခံမည်
မြန်မာဒုက္ခသည် ၈၀၅ ယောက်ကို လက်ခံကူညီမည်ဖြစ်ကြောင်း ၊ ဆိုးဝါးသော အခြေအနေ အောက်တွင် မရေမရာ စောင့်ဆိုင်းနေရသောသူများကို ကြိုဆိုလက်ခံရေးသည် ကနေဒါနိုင်ငံ၏ လူသားချင်းစာနာ ထောက်ထားသည့် အစဉ်အလာ တွင် အပါအ၀င်ဖြစ်ကြောင်း ကနေဒါ လူဝင်မှုဝန်ကြီး မွန်တီဆိုးလ်ဘာ့ဂ်က ကမ္ဘာ့ဒုက္ခသည်များနေ့ကျရောက်သည့် ဇွန်လ ၂၀ ရက်နေ့က ပြောကြားသည်။ (CTV News)
အိန္ဒိယနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေး
မြန်မာနိုင်ငံသို့ရောက်ရှိနေသော အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရှီယမ်ဆရမ်သည် မြန်မာဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် တွေ့ဆုံပြီး လုံခြုံရေး၊ စွမ်းအင်၊ကုန်သွယ်ရေး၊ စီးပွားရေး နှင့် အခြေခံအဆောက်အဦ စီမံချက်များကို ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးနေကြသည်။ အိန္ဒိယက မြန်မာနိုင်ငံစစ်တွေမြို့တွင် ဒေါ်လာသန်း ၁၀၀ ကျော်ကုန်ကျမည့် ဆိပ်ကမ်းတခုကို တည်ဆောက်ပေးမည်ဟုလည်း အိန္ဒိယကုန်သွယ်ရေး ၀န်ကြီး ဂျိုင်ရမ်ရာမက်ခ်ျက ဇွန်လ ၁၉ ရက်နေ့က ပြောကြားခဲ့သည်။ (India Enews , Zee News) |