လက်ထောက် သတင်းအယ်ဒီတာနှင့် ၀ါရင့်သတင်းထောက် အလိုရှိသည်
လက်ထောက် သတင်းအယ်ဒီတာ
* သတင်းအယ်ဒီတာ၏ နေ့စဉ် တာဝန် ဝတ္တရားများကို ကူညီဆောင်ရွက်ခြင်း၊ သတင်းထောက်များ ပေးပို့သော သတင်းများကို ဖြည့်စွက်ပေးခြင်း၊ ပြန်လည်စိစစ်ခြင်း။
* ဧရာဝတီ၏ အင်တာနက်စာမျက်နှာ နှင့် လစဉ်ထုတ် ပုံနှိပ် မဂ္ဂဇင်းအတွက် သတင်း ဆောင်းပါးများ ပုံမှန် ရေးသားခြင်း။
* တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ စသည့် ဒေသအတွင်းရှိ မြန်မာနှင့် ဆက်စပ်သော နိုင်ငံရေး၊ လူမှုရေး သတင်းများအတွက် ခရီးသွားပြီး သတင်းစုဆောင်းရေးသားခြင်း၊ တည်းဖြတ်ခြင်း။
* ဧရာဝတီ၏ အယ်ဒီတာများ၊ သတင်းအဖွဲ့သားများနှင့် တက်ညီလက်ညီ ၀ိုင်းဝန်းကာ ပူးပေါင်း ဆောင်ရွက်ခြင်း။
လက်ထောက် သတင်းအယ်ဒီတာ၏ တာဝန်ဝတ္တရား
* သတင်းအယ်ဒီတာနှင့် ပူးတွဲ ကြီးကြပ်ခြင်း။
* ပြည်တွင်း၊ ပြည်ပရှိ ဧရာဝတီ သတင်းထောက်များနှင့် တွဲဖက် လုပ်ကိုင် ဆောင်ရွက်ခြင်း။
* ဓာတ်ပုံသတင်း တည်းဖြတ်ရာတွင် ကူညီခြင်း၊ တိုက်ထိုင်သတင်းသမားတို့၏ သတင်းစိတ်ကူးများ (news ideas) ကို ကူညီ ပုံဖော်ပေးခြင်း။
* စုံစမ်း ဖော်ထုတ် ရေးသားရမည့် သတင်းများအတွက် ခရီးထွက်ခြင်း။
* အတွေ့အကြုံ နည်းပါးသည့် သတင်းထောက်များကို ခေါင်းဆောင်မှု ပေးခြင်း။
ဝါရင့်သတင်းထောက်
* နေ့စဉ်ဖြစ်ပျက်နေသော သတင်းများအတွက် အချက်အလက်များကို ရေးသားခြင်း၊ သုံးသပ် တင်ပြခြင်း၊ စနစ်တကျ မှတ်တမ်းတင်ခြင်း။
* မြန်မာနှင့် အရှေ့တောင်အာရှ ဆိုင်ရာ သတင်းများကို အချိန်နှင့်တပြေးညီ ရေးသားခြင်း၊ ကိုယ်တိုင်သွားရောက် လေ့လာပြီး သတင်းယူခြင်း။
ဝါရင့်သတင်းထောက်၏ တာဝန်ဝတ္တရား
* အချိန်နှင့်တပြေးညီ သတင်းရေးသားရှာဖွေခြင်း။
* မြန်မာနှင့်ပတ်သက်သော သတင်းများကို စုဆောင်းပြီး သုံးသပ်၊ ဝေဖန်၊ ရေးသားခြင်း။
* နေ့စဉ်၊ အပတ်စဉ် ဖြစ်ပေါ်နေသော သတင်း၊ ဆောင်းပါးများကို စဉ်ဆက်မပြတ် စောင့်ကြည့်၊ လေ့လာခြင်း။
လက်ထောက် သတင်းအယ်ဒီတာ နှင့် ၀ါရင့်သတင်းထောက် နေရာများအတွက် လိုအပ်ချက်များ
* စာနယ်ဇင်း၊ သတင်းမီဒီယာနှင့် ပတ်သက်သော ဘွဲ့ (သို့မဟုတ်) ဒီဂရီ တခု ရရှိပြီးသူ၊ (သို့မဟုတ်) မီဒီယာ သင်တန်းများ တက်ရောက်ဖူးသူ (သို့မဟုတ်) မီဒီယာ အတွေ့အကြုံ ပြည့်ပြည့်ဝဝ ရရှိထားသူ ဖြစ်ရမည်။ ဝက်ဘ်ဆိုက်များကို ထဲထဲဝင်ဝင် ဖတ်ရှု အသုံးပြုနိုင်သူ ဖြစ်ရမည်။ မြန်မာပြည်အရေးကို နှံ့နှံ့စပ်စပ် သိရှိ လေ့လာထားသူ ဖြစ်ရမည်။
* ဧရာဝတီ၏ သတင်းမီဒီယာလုပ်ငန်းနှင့် ပတ်သက်၍ တစိုက်မတ်မတ်၊ ထက်မြက်၊ သွက်လက်စွာ လုပ်ကိုင်နိုင်မည့်သူ ဖြစ်ရမည်။
* အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ ရေးနိုင်၊ ပြောနိုင်ရမည်။
* ကောင်းမွန် သပ်ရပ်ပြီး အချက်အလက်မှန်သော သတင်း ဆောင်းပါးများ ရေးသားနိုင်ရမည်။
* အင်တာနက် ဗဟုသုတ အသင့်အတင့် ရှိပြီး ကွန်ပျူတာကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
စိတ်ဝင်စားသူများသည် လျှောက်လွှာကို winthu@irrawaddy.org သို့ ပေးပို့ လျှောက်ထားနိုင်သည်။
လျှောက်လွှာနှင့်အတူ ကိုယ်ရေးရာဇဝင်အပြည့်အစုံ၊ မကြာသေးမီက ရိုက်ကူးထားသည့် ဓာတ်ပုံတပုံ တို့ကိုလည်း ပူးတွဲ တင်ပြရမည်။
|